Connect with us

Culture & Entertainment

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များ မြို့ပြ၌ ပျောက်ကွယ်နေဟုဆို

၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ များကို ဖော်ထုတ် ထိန်းသိမ်း ပြုစုခြင်းများ ဆောင်ရွက်ရာတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာဓလေ့ များမှာ မြို့ပြများ၌ ပျောက်ကွယ်နေပြီး ဝေးလံ ခေါင်သီသော ကျေးရွာများ၌သာ တွေ့ရှိ နိုင်တော့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကောင်းစံဦးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

တိုင်းရင်းသားများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု ဆိုသည်မှာ တူရိယာ ကဲ့သို့သော ပစ္စည်းတစ်ခုမှာ ဒြပ်ရှိ ယဉ်ကျေးမှု ဖြစ်ပြီး တူရိယာ ပြုလုပ်သည့် နည်းပညာသည် ဒြပ်မဲ့ ယဉ်ကျေးမှု ဖြစ်သည်။ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို ဖော်ထုတ်ထိန်းသိမ်း ပြုစုရာတွင် ယင်း ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ နယ်မြေတိုင်းတွင် ယဉ်ကျေးမှု အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ ရှမ်း တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ်ရှိ ကျေးရွာများနှင့် ကွမ်းလုံ၊ မူဆယ်၊ နမ့်ခမ်းမြို့ တို့ရှိ ကျေးရွာများတွင် လည်းကောင်း၊ တအောင်း (ပလောင်) တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ မူဆယ်၊ နမ့်ခမ်း၊ မုံးထော် ဒေသရှိ ကျေးရွာများတွင် လည်းကောင်း၊ ‘ဝ’ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို မိုင်းမော၊ မန်ပျဉ်၊ နားဖ စသော လားရှိုးမြို့နယ်၊ တန့်ယန်း၊ မိုင်းရယ်နှင့် ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရှိ ကျေးရွာများတွင် လည်းကောင်း၊ ကိုးကန့် တိုင်းရင်းသား တို့၏ ရိုးရာဓလေ့ များကို လားရှိုးမြို့နယ်၊ ကွမ်းလုံနှင့် လောက်ကိုင်ဒေသ ကျေးရွာများတွင် လည်းကောင်း၊ လီဆူ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ် ရှိ ကျေးရွာများ၊ ကျောက်မဲ၊ မိုးမိတ်ဒေသ တို့တွင် လည်းကောင်း၊ မြောင်ဇီး (မှုန့်) တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ်၊ နောင်ချိုနှင့် ကွမ်းလုံ (ကာမိုင်း) ဒေသတို့တွင် လည်းကောင်း၊ လားဟူ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကို လားရှိုး၊ တန့်ယန်း မြို့နယ်တို့တွင် လည်းကောင်း ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျက် ရှိကြောင်းဆိုသည်။

လားရှိုးမြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုင်းရင်းသား များ၏ ဒြပ်ရှိ ဒြပ်မဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို ရှာဖွေဖော်ထုတ် ပြုစုထိန်းသိမ်း ဆဲဖြစ်ပြီး ရှားပါး ပျောက်ကွယ်လု ဖြစ်သည့် တိုင်းရင်းသား ရှစ်မျိုး၏ တူရိယာ ရိုးရာ ယဉ်ကျေးမှု များကို ဦးစားပေး တင်ပြ ထားကြောင်း ဦးကောင်းစံဦးက ဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ရှမ်း၊ လီဆူ၊ တအောင်း (ပလောင်) ၊”ဝ”၊ လားဟူ၊ မြောင်ဇီး(မှုန့်)၊ ကချင်နှင့် ကိုးကန့် တိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.