Connect with us

Culture & Entertainment

တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို Myanmar Convention Center (MCC Hall) တွင် ပြုလုပ်မည်

ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော် ကျင်းပသည့် မြင်ကွင်း (ဓာတ်ပုံ- Horizon International Schools Facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို Myanmar Convention Center (MCC Hall) ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ပြပွဲတွင် ရန်ကုန်မြို့ အခြေစိုက် သံရုံး ၄ဝ ကျော်အားလည်း ဆိုင်ခန်းများ ဖွင့်လှစ် ပြသနိုင်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။ ထိုကဲ့သို့ နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော် ကျင်းပရခြင်းမှာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ၏ ရိုးရာယဉ်ကျေးမှု၊ အစားအစာများ၊ ဝတ်စား ဆင်ယင်မှုနှင့် ဓလေ့စရိုက်များကို သာမက နိုင်ငံအသီးသီးမှ အထင်ကရ နေရာများ၊ နိုင်ငံ အထိမ်းအမှတ် အိမ်အပြန် လက်ဆောင်များကို ပြပွဲအတွင်း လေ့လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို စိတ်ဝင်စားသူ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက်လေ့လာ နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.