Connect with us

Education & Health

ငါးနှစ်အတွင်း ဆရာ၊ ဆရာမ ၉,၀၀၀ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ်နိုင်ခဲ့

မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း ကျောင်းဆရာမ တစ်ဦး စာသင်ကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ရက် (ဆင်ဟွာ)

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ငါးနှစ်တာအတွင်း အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမဦးရေ ၉,ဝဝဝ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ် နိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဆရာ၊ ဆရာမများထဲမှ ပညာ ထူးချွန်သူများ အတွက် ပညာ တော်သင်ဆု အစီအစဉ်များ ကိုလည်း ပြုလုပ်ပေး နိုင်ခဲ့ပြီး ပညာတော်သင် ဆုကို ဆရာ၊ ဆရာမဦးရေ ၇,၆ဝဝ ကျော် ရယူနိုင်ခဲ့ပြီး ပညာတော်သင် ဦးရေ ၉,ဝဝဝ ကျော်ကို ပြည်ပသို့ စေလွှတ် နိုင်ခဲ့ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။

ပညာတော်သင် သွားရောက်ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး မိမိ သင်ယူ တတ်မြောက် လာသည့် ပညာဖြင့် နိုင်ငံတော်ကို အလုပ်အကျွေး ပြုနိုင်ရေး အတွက် ရည်ရွယ်၍ ကတိ ခံဝန်ချက် လက်မှတ် ရေးထိုး ရသည့် လုပ်ငန်းစဉ်ကို စမ်းသပ်ကာလ အဖြစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက် အထိ တစ်နှစ် ကင်းလွတ်ခွင့်ပြု ပေးထားပြီး ဖြစ်၍ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင် သွားရောက်မည့် နိုင်ငံ့ ဝန်ထမ်းများသည် ကတိ ခံဝန်ချက် လက်မှတ် ရေးထိုးရန် မလိုအပ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.