Connect with us

Education & Health

တရုတ်-မြန်မာ နည်းပညာနှင့် သက်မွေးပညာရပ်သင် ကျောင်းသားများ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ ပထမ အသုတ်မြန်မာ ပညာတော်သင် ကျောင်းသားများ တရုတ်နိုင်ငံသို့ ပညာတော် သင်သွားရောက်

တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ပညာတော်သင် သွားရောက်ကြမည့် မြန်မာ ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နည်းပညာနှင့် သက်မွေးပညာရပ် သင်ကျောင်းသားများ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပထမအသုတ် မြန်မာပညာတော်သင် ကျောင်းသားများ တရုတ်နိုင်ငံသို့ ပညာတော်သင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မေလ ၉ ရက်နှင့် ၁၀ ရက်နေ့တွင် တရုတ်-မြန်မာ နည်းပညာနှင့် သက်မွေးပညာရပ်သင် ကျောင်းသားများ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ ပထမအသုတ် မြန်မာပညာတော်သင် ကျောင်းသား၊ ကျောင်းသူ ၈၉ ဦးတို့သည် နှစ်ဖွဲ့ခွဲကာ တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ပညာတော်သင် သွားရောက်ကြရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting မှ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယဉ်ကျေးမှုသံမှူးက “ကျောင်းသားများအား တရုတ်နိုင်ငံသို့ရောက်လျှင် ကျန်းမာရေးကို ဂရုစိုက်ကြရန်၊ ကြိုးကြိုးစားစား ပညာသင်ယူရန်၊ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် အမိနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ကြရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး၏ သံတမန်များ အဖြစ် လုပ်ဆောင်ကြရန် သံအမတ်ကြီးက စကားလက်ဆောင် ပါးလိုက်ကြောင်း’’ ပြောကြားသည်။


ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများသည် ကျန်းစူး ပြည်နယ်ရှိ နည်းပညာနှင့် အသက် မွေးဝမ်းကျောင်း တက္ကသိုလ် လေးခုတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ဆေးပညာရပ်၊ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာဘာသာရပ်များကို သင်ယူမည် ဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေး၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အတွက် လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ပေးကာ နှစ်နိုင်ငံ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ရည်ရွယ်၍ အဆိုပါ အစီအစဉ်ကို တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း၊ တရုတ်ပညာရေး ဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေးအသင်း၊ မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ ကျန်းစူးပြည်နယ် ပညာရေးဌာန တို့မှ ပူးပေါင်းစီစဉ် ဆောင်ရွက်ပါသည်။ ကျန်းစူး ပြည်နယ်ရှိ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် လေးခုဖြစ်သော Nanjing Institute of Industry Technology ၊ Yangzhou Polytechnic Institute ၊ Changzhou Vocational Institute of Engineering နှင့် Jiangsu Agri-animal Husbandry Vocational Institute တို့တွင် ပညာရပ်များ ပို့ချမည် ဖြစ်သည်။ တရုတ် သံရုံး ယဉ်ကျေးမှုသံမှူးနှင့် တကွ မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူတို့မှ လေဆိပ်သို့ လိုက်လံပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.