Connect with us

Education & Health

မေလ ၂၅ ရက်မှ ၃၁ ရက် အထိ ကျောင်းအပ်နိုင်ပြီ

ကော့မှူးမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ် ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာ အထက်တန်း ကျောင်းများ၌ အခမဲ့ ပညာရေးကို ဖော်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခမဲ့ ပညာရေးစနစ်အား ဖော်ဆောင်သည့် အနေဖြင့် ကျောင်းအပ်နှံ ရာတွင် ကျောင်းသားများအား ကျောင်းတံဆိပ်၊ ရင်ထိုးတံဆိပ်၊ စာရေးကိရိယာ၊ ဗလာစာအုပ်များ ရောင်းချခြင်း၊ တံမြက်စည်း၊ သောက်ရေအိုး နှင့် သန့်ရှင်းရေးကြေး စသည့် ငွေကြေးများကို ကောက်ခံခြင်း မပြုရန် အခြေခံပညာ ဦးစီးဌာနက တိုင်းဒေသကြီး နှင့် ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ညွှန်ကြား ထားကြောင်း သိရသည်။

ထို့ပြင်၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း ကျောင်းသားများကို ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်၊ ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ
အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံစီ ပေးအပ်ရန် စီစဉ် ထားကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံ ရာတွင် ယခင်နှစ်များ ကတည်းက ငွေကြေး ကောက်ခံမှု မပြုရန် ညွှန်ကြား ထားကြောင်းနှင့် ယခုနှစ်တွင် ငွေကြေး ကောက်ခံပါက အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.