Connect with us

Education & Health

နိုင်ငံ့ဝန်ထမ်းများအား ဇန်နဝါရီလအတွင်း ပြည်ပ နိုင်ငံ ၁၈ နိုင်ငံသို့ပညာသင် ၂၂၇ ဦး စေလွှတ် ပေးခဲ့

နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ပြည်ပနိုင်ငံများသို့ ပညာတော်သင်များကို ပို့ဆောင်နေသော လေယာဉ်ခရီးစဉ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ပြည်ပအဖွဲ့အစည်းများ၏ ပညာသင်ဆု ကမ်းလှမ်းမှု အစီအစဉ်အရ ပြည်ပနိုင်ငံ ၁၈ နိုင်ငံသို့ ဇန်နဝါရီလအတွင်း ပညာသင် ၂၂၇ ဦးကို သွားရောက်ပညာသင်ယူဆည်းပူးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စု နိုင်ငံခြား ပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေး ကော်မတီမှ သိရသည်။

ပညာသင်ဆုများကို ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့ အစည်းအသီးသီးသို့ စနစ်တကျခွဲဝေ သတ်မှတ်ပေးပြီး အဆိုပြုချက်များကို စိစစ်၍ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ပေးလျက်ရာ ဘွဲ့ ၊ ဒီဂရီ ၊ ဒီပလိုမာ သင်တန်း သို့ ပညာသင် ၅၈ ဦးနှင့် ဘွဲ့မယူသော သင်တန်း (Training)သို့ ပညာသင် ၁၆၉ ဦး ရှိပြီး ဇန်နဝါရီလအတွင်း နိုင်ငံ့ဝန်ထမ်းများအား ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့သို့ ပညာသင်အများဆုံး စေလွှတ် ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် နှင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိပြီး မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်လျက် စေလွှတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.