Connect with us

Education & Health

အထက်တန်းပြဆရာ၊ဆရာမ လိုအပ်ချက်များပြားလျက်ရှိ

ဘီအီးဒီကျောင်းသား၊ ကျောင်းသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-- မြ၀တီ)

ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ)

အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူများကို ပိုမိုခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ တစ်နှစ်လျှင် စုစုပေါင်း ၁၂ဝဝ မွေးထုတ် ပေးလျက် ရှိကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ပညာရေးတက္ကသိုလ် နှစ်ခု သည် တစ်နှစ်လျှင် ဘီအီးဒီ ကျောင်းဆင်း ၁၂ဝဝ နှင့် ဆရာအတတ်သင် ကျောင်း ဆင်း ၃ဝဝဝ ကျော်ကို မွေးထုတ်ပေး လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် မူလတန်းဆရာ၊ ဆရာမ ၅၁,၄၆၈ ဦး လိုအပ်လျက် ရှိပြီး အခြေခံပညာ မူလတန်း၊ အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာ အထက်တန်း စုစုပေါင်း ဆရာ၊ ဆရာမ ၆ဝဝဝဝ ကျော် လိုအပ်နေခြင်း ကြောင့် မူလတန်းပြ ဆရာ၊ ဆရာမ များကို နေ့စားလပေးများ ခန့်အပ်ထားရန် အပြီးသတ်စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.