Connect with us

Education & Health

တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ တင်သွင်းမည့် အဆိုပြုချက်များသည် ပြည်သူတစ်ရပ်လုံး အကျိုးရှိသည့် အဆိုများ ဖြစ်သင့်

(၁၇) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ညီလာခံ အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့် အဖွင့် မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် သမားတော်များ တင်သွင်းမည့် အဆိုပြုချက်များသည် တိုင်းရင်းဆေးလောကအတွက်သာမက ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးရှိသည့် အဆိုပြုချက်များ ဖြစ်သင့်သည်ဟု တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် အဆိုပါ ညီလာခံ နှင့် မြန်မာ့ တိုင်းရင်း ဆေး ပညာရှင်များ နှီးနှော ဖလှယ်ပွဲအတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် သဘာပတိတစ်ဦးအနေဖြင့် ပြောကြားခဲ့သည်။

တိုင်းရင်းဆေး သမားတော်များက တိုင်းရငိးဆေး လောကသားများ သိသင့်သည့် အချက်များကို ဝိုင်းဝန်း ဆွေးနွေးပြီး ညီလာခံတွင် တင်ပြသင့်သည့် အချက်များများကို တစ်ခုချင်းစီအတွက် အဖွဲ့ငယ်များ ဖွဲ့စည်းကာ ပါဝင်သင့်သည့် ပညာရှင်များအားလုံးနှင့် သီးခြားစီ တွေ့ဆုံ၍ အကြိတ်အနယ် ဆွေးနွေး ပြုစုထားသော Action Plan များကို မနက်ဖြန် ဇန်နဝါရီ ၁၈ ရက်တွင် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက သဘာပတိအဖြစ် ဦးဆောင် ကျင်းပမည့် (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ၌ တင်သွင်းကြမည် ဖြစ်ကြောင်း လည်း ဒေါက်တာ ရီရီမြင့်က ပြောခဲ့သည်။

(၁၇) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ၏ (၁၇) ညီလာခံ အခန်းအနားမြင်ကွင်း (ဆင်ဟွာ)

ထိုညီလာခံသို့တင်သွင်းမည့် အဆိုပြုချက်ငါးချက်တို့မှာ — အသိဉာဏ် ပစ္စည်း မူပိုင်ခွင့် ရရှိသင့်သည့် မြန်မာ့ တိုင်းရင်းဆေးပညာရပ်များ၊ ကုသနည်းစနစ်များ၊ ဆေးပင်များ၊ ဆေးပစ္စည်းများ၊ ဆေးနည်းများအား ဖော်ထုတ် သတ်မှတ်ဆောင်ရွက်ရန်နှင့် ဉာဏပစ္စည်း မူပိုင်ခွင့်မျာားကို လေးစား လိုက်နာတတ်သော ပတ်ဝန်းကျင် အသိုက်အဝန်း ဖြစ်ပေါ်လာရေးအတွက် နှီးနှောဖလှယ် ပညာပေးရန်၊ တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန်နှင့် သုတေသန လုပ်ငန်း နယ်ပယ်များ သတ်မှတ် ဆောင်ရွက် ရန်၊ ကျင့်ဝတ်နှင့် ကိုက်ညီပြီး တိုင်းရင်းဆေး ပညာပိုင်းဆိုင်ရာ မှန်ကန်မှု ရှိသော ဆေးပညာ စာအုပ် စာပေ၊ ကြော်ငြာများ ထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ရန်။ ဆေးပညာကျင့်ဝတ်နှင့် ကိုက်ညီသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်း ဆောင်ရွက်ရန်၊ အာဆီယံ တိုင်းရင်းဆေး အသိုက်အဝန်း (AEC) တွင် တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်စာများနှင့် ပတ်သက်၍ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့် အညီ ဆောင်ရွက်မည် ဖြစ်သောကြောင့် တိုင်းရင်းဆေးဝါး ထုတ်လုပ် သူများ ဘက်မှ ကောင်းမွန်သော ကျင့်စဉ် (GMP Guideline) အတိုင်း အတတ်နိုင်ဆုံး ပြင်ဆင် ထားရှိ ဆောင်ရွက်ရန် — ဟူ၍ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုပြုချက် ငါးချက်တို့ကို ယနေ့ အကြိုဆွေးနွေး ညှိနှိုင်းပွဲသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းဆေး သမားတော်များ၊ တိုင်းရင်းဆေး ထုတ်လုပ်သူများ၊ ဆက်စပ် အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိ ပညာရှင်များ သုံးရာကျော် ခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်ကြသူများက အုပ်စု ငါးစု ဖွဲ့စည်းကာ Action Plan များ ပေါ်ထွက် သည်အထိ ဆွေးနွေးခဲ့ကြပြီး မနက်ဖြန် ကျင်းပမည့် ညီလာခံတွင် Action Plan များ တင်ပြ မည့် ပုဂ္ဂိုလ် ငါးဦးတို့ကို ရွေးချယ်ခဲ့ကြကာ အကြို ညှိနှိုင်း ဆွေးနွေးပွဲကို ညနေ ၄ း ၃၀ နာရီတွင် ရပ်နားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.