Connect with us

Education & Health

အခြေခံပညာ အထက်တန်း အဆင့် ကျောင်းများ၌ ကွန်ပျူတာ သင်ချိန် ဖြည့်စွက် သင်ကြားနိုင်ရန် ဆောင်ရွက်မည်

ကွန်ပျုတာ သင်ခန်းစာအား သင်ကြားနေစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အခြေခံပညာ အထက်တန်း အဆင့် ကျောင်းများ၌ ကွန်ပျူတာ သင်ချိန်ကို ဖြည့်စွက် သင်ကြားနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း က ပြောသည်။

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်း တစ်ကျောင်းစီတွင် ကွန်ပျူတာ သင်ထောက်ကူ စာသင်ခန်းများကို ကျောင်း တစ်ကျောင်းလျှင် တစ်ခန်းနှုန်း ရှိစေရန် ဆောင်ရွက်နေပြီး ကွန်ပျူတာ သီးသန့် စာသင်ချိန် များကိုပါ ထည့်သွင်း သွားရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြား ထားသဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ မပြည့်စုံသည့် ကျောင်းများ အနေဖြင့် ဖြည့်ဆည်းရန် လိုအပ်သည့် ပစ္စည်းများ စာရင်းကို ပြုစုကာ အခြေခံပညာ ဦးစီးဌာနသို့ ပေးပို့ရန် ညွှန်ကြား ထားကြောင်း ပညာရေးမှူးရုံး မှ သိရသည်။

အဆိုပါ အထက်တန်း ကျောင်းများ၌ ကွန်ပျူတာ အခန်း တစ်ခန်း၏ အကျယ်ကို အလျားပေ ၃ဝ ၊ အနံ ၂၄ ပေ သတ်မှတ်ထားပြီး ယင်းအခန်း၌ ကွန်ပျူတာ အလုံး ၂ဝ ထားရှိကာ စာသင်ချိန် တစ်ချိန်လျှင် ကျောင်းသားဦးရေ ၂ဝ သင်ကြားနိုင်ရန် သတ်မှတ် ထားကြောင်း၊ တစ်ရက်လျှင် ကွန်ပျူတာ သင်ချိန် ငါးချိန်အထိ သင်ကြားပေးပြီး တစ်ပတ်လျှင် ကွန်ပျူတာ သင်ချိန် ၂၅ ချိန်အထိ သင်ကြားပေးရန် လျာထားကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အထက်တန်း အဆင့်သင် ကျောင်းသား ၅ဝဝ ရှိသည့် ကျောင်းမှာ ၁,၄၅၉ ကျောင်း၊ ၅ဝဝ မှ ၁,ဝဝဝ ရှိသည့်ကျောင်း ၃၅၄ ကျောင်း၊ ၁,ဝဝဝ မှ ၁,၅ဝဝ ရှိသည့်ကျောင်း ၇၇ ကျောင်း၊ ၁,၅ဝဝ မှ ၂,ဝဝဝ ရှိသည့်ကျောင်း ၂၂ ကျောင်းရှိပြီး စုစုပေါင်းမှာ အထက် တန်း အဆင့်သင် ကျောင်းပေါင်း ၁၉ဝဝ ကျော်အတွက် ကွန်ပျူတာ အရေအတွက် ၅,ဝဝဝ နီးပါး လိုအပ်မည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.