Connect with us

Education & Health

မှတ်ပုံတင်ခြင်းမရှိသည့် ဆေးဝါး ၁၀ မျိုးအားထုတ်ပြန်

မှတ်ပုံတင်မထားသည့် ဆေးဝါးဆယ်မျိုးအားတွေ့ရစဉ် (ဓာတ်ပုံ-FDA)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ ဆေးဝါး ၁၀ မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော တရားမဝင် ဆေးဝါးများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများကို ဝယ်ယူ သုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူ သုံးစွဲပါရန် အသိပေးအပ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှု ဆောင်ရွက် ပေးသူမျာအနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများ နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်း ပေးပို့အကြောင်းကြားနိုင်ပါကြောင်း သိရသည်။
ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံ တင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း (လက်လီ/လက်ကား) လုံးဝမပြုရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုအရေး ယူမည်ဖြစ်ပါကြောင်း အသိပေး အပ်ပါ သည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။
၎င်းဆေးဝါး ၁၀ မျိုး မှာ- Compound Ketoconazole Cream ၊ Chlorpheniramine Tablets ၊ Cicatrin Powder ၊ Chloramphenicol Capsule ၊ Chloramphenicol Palmitate Oral Suspension BP ၊ Buscopan Tablets ၊ Analjin 500 Tablet ၊ Nifedipine Tablet 10mg ၊ Cycovit 25 Tablet ၊ Piyenchin Solution 10ml တို့ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.