Connect with us

Education & Health

ရေသန့် စက်ရုံ(၅)ရုံအား ၅ ရက်မှ ၃ လ အထိ ယာယီရပ်ဆိုင်း၊ စက်ရုံ (၂) ရုံအားရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်း

ရေသန့်စက်ရုံများအားစစ်ဆေးနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- YGN FDA)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ထောက်ခံချက်ရရှိပြီးသော ရေသန့် စက်ရုံ(၅)ရုံအား ယာယီရပ်ဆိုင်းခြင်း နှင့် စက်ရုံ (၁) ရုံအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း၊ ထို့အတူ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၁)ရုံအားလည်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် ၃.၈.၂၀၁၇ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များဖြင့် (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင်၊ထွေအုပ်၊ရဲ) လှိုင်မြို့နယ်ရှိ ထောက်ခံချက်ရရှိပြီးသော သောက်ရေသန့်စက်ရုံ(၆)ရုံအား ထပ်မံရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ရုံမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်(GMP)မကိုက်ညီခြင်း၊ မလိုက်နာခြင်းတို့ တွေ့ရှိရပါသဖြင့် စက်ရုံစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ စက်ရုံ(၂)ရုံမှာ (၅)ရက်၊ စက်ရုံ(၂)ရုံမှာ(၁)လနှင့် စက်ရုံ(၁)ရုံမှာ (၃)လ ထုတ်လုပ်မှုများအား ယာယီရပ်ဆိုင်းခြင်းနှင့် စက်ရုံ(၁)ရုံမှာ အလွန်ဆိုးရွားသဖြင့် ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းခြင်းများဆောင်ရွက်ခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် စက်ရုံအားပြုပြင်မှုများ ဆောင်ရွက်ရန် သတိပေးအရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့ပြင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်းတခုအား ထပ်မံတွေ့ရှိခဲ့၍ ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှုမရှိသောကြောင့် စက်ရုံပိုင်ရှင်အား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူခဲ့ကြောင်း သိရသည်။ ၎င်းသောက်ရေသန့်လုပ်ငန်းအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ထောက်ခံချက်လျှောက်ထားပြီး GMPနှင့်အညီ ကိုက်ညီမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရက်အကန့်အသတ်မရှိအရေးယူခဲ့သော သောက်ရေသန့်များမှာ လှသရဖူ နှင့် ရွှေအိုး အမှတ်တံဆိပ်များဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.