Connect with us

Education & Health

လက်မောင်း အရေပြားအောက် ထည့်သည့် သားဆက်ခြား ဆေးပစ္စည်းကို ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ အမျိုးသမီးများကို အခမဲ့ ထည့်သွင်းပေးမည်

ကိုယ်ဝန်ဆောင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Family Planning အရ လက်မောင်း အရေပြားအောက် ထည့်သည့် သားဆက်ခြား ဆေးပစ္စည်းကို အသက် ၁၅ နှစ်မှ ၄၅ နှစ်ရှိ အမျိုးသမီးများကို အခမဲ့ထည့်သွင်း ပေးမည် ဖြစ်ကြောင်း မျိုးဆက်ပွား ကျန်းမာရေးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိခင်များ အနေဖြင့် သားသမီး မရစေသည့် ဆေးများ မကြာခဏ ထိုးခြင်း၊ သောက်ခြင်းကြောင့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်ကာ သေဆုံးမှုများ ရှိလာပြီး အဆိုပါ သားဆက်ခြားသည့် ဆေးပစ္စည်း ထည့်ထားပါက သုံးနှစ်မှ ငါးနှစ်အတွင်း ဆေးအာနိသင် ရှိနေမည် ဖြစ်ကြောင်း ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာနခွဲနှင့် PSI တို့ ပူးပေါင်းပြီး Launching and Master Mentor Training on Long Acting Reversible Contraception Implant သင်တန်း၌ သားဖွားဆရာမ များကို ဇူလိုင်လ ၅ ရက်က အဆိုပါ ဆေးရုံကြီး၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းပြီး ပါက မိမိနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၌ ဆင့်ပွား သင်တန်းများ ပေးရမည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် Family Planning အရ လက်ရှိ ၃၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် သားဆက်ခြား နည်းကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် လက်မောင်း အရေပြားအောက် သားဆက်ခြား ဆေးပစ္စည်း ထည့်နည်း သင်တန်းကို ပို့ချပေးခြင်း ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.