Connect with us

Education & Health

လာမည့်ပညာသင်နှစ်အတွင်းဆရာတစ်သိန်းကျော်ခန့်အပ်သွားမည်

စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားနေသော ဆရာမတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ -- အင်တာနက်)

ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ)

အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ယခုအခါ ကျောင်းနေနှုန်း မြင့်မားကာ စာတတ်မြောက်မှု နှုန်းထားမှာ ၉၅ ရာခိုင်နှုန်း ကျော်ရှိလာခဲ့ ပြီဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ် တွင် ဆယ့်နှစ်တန်း ပညာရေးစနစ် စတင်တော့မည် ဖြစ်၍ ဆရာ လိုအပ်ချက် ဖြည့်ဆည်းရင်း နေ့စားလပေး ဆရာများ ဝင်ရောက် လုပ်ကိုင်ခွင့် အတွက် ဝင်ခွင့် စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတကို ကြိုတင် လေ့လာထားရမည် ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အရည်အချင်း များကို သတင်းစာများတွင် အသေးစိတ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ ဆရာများ အများဆုံး လိုအပ်လျက် ရှိသည်။ ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပြ ၂၄,၃၅၉ ဦး၊ အလယ်တန်းပြ ၆၆၁၃ ဦးနှင့် အထက်တန်းပြ ၅၄၃၁ ဦး လိုအပ်ချက် များကိုလည်းဖြည့်ဆည်း ခန့်အပ်လျက် ရှိကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.