Connect with us

Education & Health

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ပညာသင်စရိတ် ပံ့ပိုးကူညီမှု အစီအစဉ် များကို တိုးချဲ့ ဆောင်ရွက် ပေးသွားမည်

ကလေးငယ်များ ပညာသင်ကြားနေစဉ်(ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းတက်ရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ကျောင်းများ၌ တက်ရောက် လာနိုင်ရေး အတွက် ပညာသင်စရိတ် ပံ့ပိုးကူညီမှု အစီအစဉ် များကို တိုးချဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီး ဌာနအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အတန်းအားလုံး ကို အခမဲ့ ပညာရေး အဖြစ် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဆင်းရဲသူများ ကိုလည်း ပညာသင် စရိတ်များ ပေးအပ် ချီးမြှင့်နိုင်ခဲ့သည့် အတွက် အခြေခံပညာ ကျောင်းများသို့ ဝင်ရောက် လာသော ကျောင်းသား အရေအတွက်မှာ တိုးတက်လာ ခဲ့ကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင်လည်း ဆင်းရဲပြီး ကျောင်းတက်ရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ ကို ဆက်လက် ရွေးချယ်ပြီး ပညာသင် စရိတ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီး ဌာနသည် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်က အခြေခံပညာ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော် အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ တို့ကို ပံ့ပိုးကူညီ ပေးခဲ့ပြီး အခြေခံပညာ အလယ်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂ .၈ သန်းကျော် အတွက် ပုံနှိပ်စာအုပ် များအပြင် မြို့နယ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ သုံးဦးနှုန်း၊ မြို့နယ်ခွဲ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးနှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၅၈ ဦးကို တစ်နှစ်လျှင် ငွေကျပ်နှစ်သိန်း ပညာသင် စရိတ်အဖြစ် ပေးအပ် ခဲ့ကြောင်း မြဝတီသတင်းတွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.