Connect with us

Education & Health

အများပြည်သူ ထိခိုက်နစ်နာ စေနိုင်သည်ဟု သံသယ ဖြစ်ဖွယ် စားသောက်ကုန် ၊ ထုတ်ကုန်များနှင့် ပတ်သက်၍ သတင်းပေး ဆက်သွယ်နိုင်

စားသုံးသူ တစ်ဦး အသင့်သုံး ကော်ဖီမစ် ထုပ်များကို သုံးစွဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

အများပြည်သူ ထိခိုက်နစ်နာ စေနိုင်သည်ဟု သံသယ ဖြစ်ဖွယ် စားသောက်ကုန် ၊ ထုတ်ကုန်များနှင့် ပတ်သက်၍ သတင်းပေး ဆက်သွယ်နိုင်ကြောင်း ဆက်သွယ်လာသော သတင်းအချက် အလက်အပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသင့်သုံး ကော်ဖီမစ်ထုပ် များတွင် မန်ကျည်းစေ့များ၊ အုန်းခွံများကို ရောနှောကြိတ်ထား သည်ဟူသည့် သတင်းအပေါ် အခြေခံကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာ စက်မှုဇုန်၊ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန်၊ ဒဂုံ(အရှေ့ပိုင်း) စက်မှုဇုန်၊ ဒဂုံ(တောင်ပိုင်း) စက်မှုဇုန်တို့ကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်ကာ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့တော်စည်ပင် သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် အသင်းအဖွဲ့များ လိုက်ပါ၍ ရှောင်တခင် စစ်ဆေးကာ ဓာတ်ခွဲရန် နမူနာကောက်ယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.