Connect with us

Education & Health

အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်မည်

တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံ ဒုတိယနေ့ ကျင်းပစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့် ရရှိကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းထံမှ သိရသည်။

အဆိုပါ ညီလာခံကို သုံးနှစ်လျှင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် စတင် ပြုလုပ်ခွင့် ရရှိမည်ဖြစ်ပြီး ယခုအခါ လုပ်ဆောင်ခွင့်ရ အလံကို သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

ယင်းစာကြည့်တိုက်မှူးများ ညီလာခံကို အမျိုးသား စာကြည့်တိုက်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကြီးမားသည့် ကဏ္ဍကြီး တစ်ခုအဖြစ် လုပ်ဆောင်သွားနိုင်ရန် ကြိုတင် ပြင် ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်း၍ စာကြည့်တိုက်မှူးများ ညီလာခံကို စီစဉ်ကျင်းပခြင်းဖြင့် စာကြည့်တိုက် ပညာတိုးခြင်း၊ အခွင့်အလမ်းများ ပိုမိုရရှိခြင်းနှင့် သင်တန်းများ ပြုလုပ်နိုင်ခြင်း စသည့်အကျိုးများစွာကို ရရှိစေနိုင် ကြောင်း သိရသည်။

အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.