Connect with us

Education & Health

အာဆီယံ အလုပ်သင်သင်တန်း လျှောက်ထားနိုင်

အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် SCG company က တစ်လကြာ လေ့ကျင့်ပေးမည့် အလုပ်သင် သင်တန်း ကြော်ငြာစာအား တွေ့ရစဉ် (ဓာတ်ပုံ-SCG Facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာဆီယံ ဒေသတွင်း လူငယ်များ အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင် ဆောင်ရွက်နိုင် စေရန် တစ်လကြာ လေ့ကျင့်ပေးမည့် အလုပ်သင် သင်တန်းသို့ တတိယနှစ် မှ မဟာတန်း အဆင့်ထိ တက်ရောက် နေသော မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသားများ စတင် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် SCG Careers မှ သတင်း ထုတ်ပြန် ခဲ့သည်။

အာဆီယံ ဒေသတွင်း ငါးနိုင်ငံမှ အလုပ်သင် ကျောင်းသားဦးရေ ၄ဝ ကို ရွေးချယ်၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်မှ သြဂုတ်လ ၉ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ တစ်လကြာ အလုပ်သင် သင်တန်း လေ့ကျင့် သင်ကြား ပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသား ခုနစ်ဦး ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် SCG ကုမ္ပဏီ အကြီးတန်း အရာရှိများက လက်တွေ့ လုပ်ဆောင်ချက် များမှ တစ်ဆင့် တင်ပြဆွေးနွေး ခြင်းနှင့် အသင်းအဖွဲ့နှင့် လုပ်ဆောင်ခြင်းကို လေ့ကျင့်ပေးမည် ဖြစ်ပြီး SCG ကုမ္ပဏီသို့ လေ့လာခွင့် ရမည်ဖြစ်ကာ လေယာဉ် လက်မှတ်၊ နေထိုင် စားသောက်စရိတ် နှင့် သင်တန်းကာလ အတွင်း နေ့စဉ် အသုံးစရိတ်များ ကို SCG ကုမ္ပဏီမှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယင်းသင်တန်းသို့ တက်ရောက် နိုင်ရန် အင်ဂျင်နီယာ ဘာသာရပ် (Mining ၊ Civil ၊ Mechanical ၊ Electronic ၊ Automation ၊ Control ၊ Chemical ၊ Industrial Engineering) စီးပွားရေး ဘာသာရပ် (Business Administration ၊ Economic ၊ Marketing) နှင့် ဥပဒေ ဘာသာရပ် အထူးပြု အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ တတိယနှစ် မှ မဟာတန်း အဆင့်ထိ ကျောင်းသားများ လျှောက်ထား နိုင်ကြောင်း သိရသည်။

လျှောက်ထား လိုသူများ အနေဖြင့် www.facebook.com/SCGcareer တွင် ဝင်ရောက် ကြည့်ရှုပြီး လျှောက်လွှာ ပုံစံများကို့http://goo.gl/HQIqTt တွင် ဖြည့်သွင်း ရမည် ဖြစ်ကြောင်း၊ လျှောက်လွှာများကို စာစီစာကုံး နှစ်ပုဒ်နှင့် အတူ ဖေဖော်ဝါရီလ ၂၂ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး ပဏာမ ရွေးချယ်ခံရသူ များကို လူတွေ့ မေးမြန်းရန် မတ်လ ၁၇ ရက်တွင် အကြောင်းကြားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.