Connect with us

Education & Health

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အခြေခံ ပညာသင်နှစ် အဋ္ဌမတန်း စာမေးပွဲ မေးခွန်းများ ထုတ်ပေးလျက်ရှိ

ဓာတ်ပုံ-မြဝတီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အခြေခံပညာ သင်နှစ် အဋ္ဌမတန်း စာမေးပွဲ အတွက် မေးခွန်းများအား တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးရုံး များသို့ စတင်ထုတ်ပေး နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

အဋ္ဌမတန်း စာမေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂ဝ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဋ္ဌမတန်း စာမေးပွဲကို မြန်မာ တစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာစာ၊ ၁၆ ရက်တွင် အင်္ဂလိပ်စာ၊ ၁၇ ရက်တွင် သင်္ချာ၊ ၁၈ ရက်တွင် ပထဝီဝင်၊ ၁၉ ရက်တွင် သမိုင်းနှင့် ၂ဝ ရက်တွင် အထွေထွေ သိပ္ပံ တို့ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်း စာမေးပွဲ အား ဖေဖော်ဝါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်ထိ ကျင်းပမည် ဖြစ်ရာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံနှင့် လူမှုရေး ဘာသာရပ် တို့ကို စစ်ဆေးသွားမည် ဖြစ်ပြီး နံနက် ၉ နာရီ မှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.