Connect with us

Education & Health

၂၀၁၆ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ လူ ၂၀၀၀ကျော်ဖြစ်ပွားခဲ့

ခြင်မှတစ်ဆင့်ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်အတွက် ခြင်ဆေးများ ဖျန်းနေစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ လူဦးရေ ၂၀၀၀ကျော် ဖြစ်ပွားခဲ့ပြီး ၁၉ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဦးရေသည် ယခင်နှစ်ထက် ကျဆင်းလာသော်လည်း သေဆုံးမှုများ ရှိနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂၀၁၆ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ သာကေတ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် အဖြစ်များခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့မှုသည် ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၄၀၀၀ကျော်ဖြစ်ပွားပြီး ၂၂ဦးသေဆုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.