Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်ရာမှ ရေလွှဲဆည်အတွင်း ပြုတ်ကျ၍ ၂ ဦး သေဆုံး

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၃/၄-၅)ကြားတွင် သြဂုတ် ၉ ရက်က မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖြူးချောင်း ရေလွှဲဆည် အတွင်းသို့ ပြုတ်ကျ နစ်မြုပ်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ ၂ ဦး ရေနှစ် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၃/၄-၅)ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် 1G/×××SURF(ခဲရောင်) ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖြူးချောင်း ရေလွှဲဆည် အတွင်းသို့ ပြုတ်ကျ နစ်မြုပ်ခဲ့သဖြင့် မောင်းနှင်လာသူ ၁ ဦး နှင့် လိုက်ပါလာသူ ၁ ဦး တို့မှာ ရေနှစ် သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိုကြောင့် ယာဉ်အား မောင်းနှင်လာသူအား ဖြူး အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)