Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မူဆယ်မြို့၌ ယာဉ်လေးဆင့် တိုက်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံး

မူဆယ်မြို့အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ဒီဇင်ဘာ ၆ ရက်တွင် ယာဉ်လေးဆင့် တိုက်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ယာဉ်မောင်း ကျော်လင်းအောင် မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်သည် မြို့အဝင် အေးရှားဝေါလ်းတိုးဂိတ်ဘက်မှ ကားလမ်းမကြီးအတိုင်းမောင်းနှင်လာပြီး ယာဉ်ကြောကြပ် တည်းနေသည့် နေရာတွင် ရှေ့၌တန်းစီရပ်တန့်ထားသည့် ယာဉ်များကျော်တက်၍ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ရာ ယာဉ်ကြော အတိုင်း တန်းစီရပ်တန့်ထားသည့် ယာဉ်မောင်းသန်းထွန်းအောင် မောင်းနှင်သည့် ၁၈ ဘီးယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ပြီး ကျော်လင်းအောင်မောင်းနှင်သည့် ယာဉ်သည် ဝဲဘက်ခြမ်းကားလမ်းဘေး ရေနှုတ်မြောင်းတွင်းသို့ ကားဘီးကျကာ ရပ်တန့်သွားကြောင်း ၊ ယာဉ်မောင်းသန်းထွန်းအောင် မောင်းနှင့်သည့် ယာဉ်သည့် ၎င်းယာဉ်ရှေ့တွင် စီတန်းရပ် ထားသည့် ဦးခင်လတ် မောင်းနှင်သည့်ယာဉ်ကို တစ်ဆင့်ဝင်ရောက် တိုက်မိကာ ဦးခင်လတ်မောင်း နှင်သည့် ယာဉ်မှ ထပ်ဆင့်၎င်း ယာဉ်ရှေ့တွင် ရပ်တန့်ထားသည့် ယာဉ်မောင်းတင်ထွန်းနိုင် မောင်းနှင်သည့် ယာဉ်နောက်ပိုင်းအား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းကျော်လင်းအောင် နှင့် ယာဉ်မောင်းသန်းထွန်းအောင် တို့သည် အခင်းဖြစ်သည့် နေရာ တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုအား မူဆယ်မြို့မရဲစခန်း၏ ယာဉ်(ပ)၅၀/၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၇၉/၃၀၄-က ဖြင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.