Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် ၊ မြို့မစည်ပင်ဈေး မီးလောင်မှုအား နေ့လည် ၁၃း၁၅ နာရီတွင် ငြိမ်းသတ်နိုင်

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ် မြို့မစည်ပင်ဈေးအား မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် ၊ မြို့မစည်ပင်ဈေး၌ ယနေ့ မီးလောင်မှုသည် နေ့လည် ၁၃း၁၅ နာရီတွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါမီးသည် ယနေ့ နေ့လည် ၁၂း၃၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနေ့လည် ၁၃း၁၅မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၊ နေ့လည် ၁၃း၃၀မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းချိန်စုစုပေါင်း ၁ နာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ ဆက်လက်စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.