Connect with us

Environment, Disasters & Accidents

တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၌ တိုက်ပြိုကျမှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိ

တာမွေမြို့နယ်တွင် တိုက်ပြိုကျမှုဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ အမှတ်၅အေ၊ ဦးလွန်းလမ်းနှင့် အရိုးကုန်းလမ်းထောင့်ရှိ တိုက်သည် ယနေ့ (မေ ၂၁ ရက်) နံနက် ၂နာရီ ၂၀မိနစ်အချိန်တွင် ပြိုကျမှုဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

” ငလျင်ကြောင့်ပြိုကျတာမဟုတ်ပါဘူး၊ အပေါ်ဆုံးက စပြိုကျတာပါ၊ လူတစ်ဦးပိတ်မိနေလို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။အဆိုပါ တိုက်၏ နောက်ဖေးမီးဖိုချောင်အခန်းအတွဲလိုက် ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးပိတ်မိနေသည်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၂နာရီ ၅၂မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ယင်းပိတ်မိနေသူမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် တိုက်ပြိုကျမှုဖြစ်ပွားရာနေရာ၌  မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(မီးသတ်တပ်ဖွဲ့)

” နောက်ဖေးမီးဖိုချောင် လေးထပ်က စပြိုကျတာ၊အကုန်ပြိုကျသွားတာ၊ အသံကြားလို့ ထွက်ကြည့်တာ တိုက်ပြိုကျတာဖြစ်နေတာ၊ ငလျင်လည်းမလှုပ်ဘဲ ပြိုကျတာပါ။ တိုက်ရဲ့ ဟောင်းနွမ်းမှုလည်းပါမယ်ထင်တယ်၊ ပြိုကျတဲ့တိုက်ကြားထဲမှာ ပိတ်မိနေတဲ့လူကို ခက်ခက်ခဲခဲ ကယ်ထုတ်တာ၊ ဒဏ်ရာအများကြီးမရဘူး”ဟု အရိုးကုန်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် အဆိုပါ တိုက်အား အန္တရာယ်အဆောက်အအုံဖြစ်သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.