Connect with us

Environment, Disasters & Accidents

မကွေးမြို့ ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်(KTV) မီးလောင်မှုကြောင့် ၁၅ ဦး သေဆုံး ၊ ၁ ဦး စိုးရိမ်ရ

ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်(KTV) မီးလောင်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

မကွေးမြို့၊ မြင်သာ ၂၉လမ်းနှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်(KTV) တွင် ဧပြီ ၂ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျား ၁၁ဦး၊ မ ၄ဦး၊ စုစုပေါင်း ၁၅ဦး သေဆုံးပြီး၊ မ ၁ဦးမှာ မီးလောင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ သိရသည်။

ယခုအခါ မီးလောင်မှု အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှူံးမှု တန်ဖိုး ၅,၆၂၀,၀၀၀ ကျပ် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့မကွေး ၊ မင်းဘူး မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၁၁စီး ၊ ကမ္ဘောဇဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် ၁စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၆ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၅ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။(Xinhua)