Connect with us

Environment, Disasters & Accidents

ပန်းတောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ရေဝင်နစ်မြုပ်

စာသင်ကျောင်းတွင်း ရေဝင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ရေဝင်နစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

လက်ရှိတွင် ပန်းတောင်းမြို့ ပေါ်နှင့် ထုံးဘိုမြို့တို့တွင် ကယ်ဆယ်ရေး စခန်းခြောက်ခု ဖွင့်လှစ် ဆောင်ရွက် ပေးလျက်ရှိပြီး ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ်တွင် မိမိအစီအစဉ်ဖြင့် ယာယီတဲထိုး၍ နေထိုင်ကြသူများ လည်းရှိကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှု ကြောင့်ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်မှစတင်၍ စာသင်ကျောင်း ၁ဝ ကျောင်းခန့် ပိတ်ထားရပြီး ကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူများသို့ လာရောက်လှူဒါန်းသူ အနည်းငယ်သာရှိသေး၍ သောက်ရေသန့်နှင့်ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ လတ်တလောတွင် ပန်းတောင်း မြို့နှင့်ထုံးဘိုမြို့တို့ရှိ မဟာအတု လန္ဒဘုန်းကြီးကျောင်း၊ ရွာသာယာ ဘုန်းကြီးကျောင်း၊ ရေဝိုင်းဘုန်းကြီး ကျောင်း၊မြသိန်းတန်၊ တောင်လတ်ဘုရား၊ ကြခတ်အုတ်ကျောင်း၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း ဘေးတို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်နေထိုင် နေကြကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.