Connect with us

Environment, Disasters & Accidents

အာရှဒေသမြို့ကြီးများအနက် နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အာရှဒေသမြို့ကြီးများတွင် အပူချိန်အမြင့်ဆုံးမြို့ကြီးများအဖြစ်စံချိန်တင်

အာရှဒေသမြို့ ကြီးများအလိုက် လက်ရှိမိုးလေဝသခြေအနေ ခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အာရှဒေသမြို့ကြီးများအနက် လက်ရှိမိုးလေဝသခြေအနေ ခန့်မှန်းချက်တွင် နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အပူချိန်အမြင့်ဆုံးမြို့ကြီးများအဖြစ်စံချိန်တင်လျက်ရှိသည်။

နေပြည်တော်မြို့ ၏ အမြင့်ဆုံးအပူချိန် သည် ၃၄ နှင့် ၃၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိပြီး၊ ရန်ကုန်မြို့ ၏ အမြင့်ဆုံးအပူချိန်သည် ၃၅ နှင့် ၃၆ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိသည်။

အာရှဒေသ ၏ အပူချိန်အမြင့်ဆုံး မြို့ကြီး ၁၇ မြို့အနက် နေပြည်တော် နှင့် ရန်ကုန်မြို့ တို့သည် အပူချိန် အမြင့်ဆုံးနေရာတွင် ရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ၏ အမြင့်ဆုံး အပူချိန်သည် ၃၂ နှင့် ၃၃ ဒီဂရီစင်တီဂရိတ်ကြားတွင်ရှိကြောင်း သိရသည်။ လာအိုနိုင်ငံ ၏ မြို့တော် ဗီယင်ကျန်း မြို့ ၏ အမြင့်ဆုံးအပူချိန် သည် ၃၁ နှင့် ၃၂ ဒီဂရိတ် စင်တီဂရိတ်ကြားတွင်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ ကိုးလ်ကာတားမြို့ ၏ အမြင့်ဆုံးအပူချိန်သည် ၂၉ နှင့် ၃၂ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.