Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း ခရီးသည်တင် ယာဉ်တိုက်မှုတွင် ၁ ဦး သေ၊ ၂၅ ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ယာဉ် ၂ စီးအား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၄၃/၄-၅) ကြားတွင် ဧပြီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော ခရီးသည်တင် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ၁ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သည့် 7M/×××× ပြည့်ဖြိုးအောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ မောင်းနှင်နေသည့် 4I/×××× ဒို့ညီနောင် ယာဉ်၏ နောက်ပိုင်းအား တိုက်မိခဲ့ရာ ဒို့ညီနောင် ယာဉ်ပေါ်ပါ ၁ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒို့ညီနောင် ယာဉ်မောင်း အပါအဝင် ယာဉ် နှစ်စီးလုံးမှ ခရီးသည် ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ထို့ကြောင့် ပြည့်ဖြိုးအောင် ယာဉ်အား မောင်းနှင်သူ ယာဉ်မောင်းဖြစ်သူအား ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)