Connect with us

Environment, Disasters & Accidents

တာချီလိတ် – ဝမ်ပုံ သွား ကားလမ်းပေါ်ရှိ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလှေလန်ကျေးရွာ တာချီလိတ် – ဝမ်ပုံ သွား ကားလမ်းပေါ်ရှိ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွင် ဇန်နဝါရီ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် ဦးစီးသည့် အဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် အနက်(၅)လက်မ၊ အကျယ် (၁)ပေခန့် မြေသားများ ဖွာနေသည့် ကျင်းတစ်ခု၊ လမ်းအသုံးပြုခ ကောက်ခံ သည့် ဂိတ်မှန်နှင့် လူနေ အဆောက်အဦမှန် များ၊ ခေါင်မိုးအုတ်ကျွတ်များ ပျက်ဆီးခဲ့သည့် အပြင် ယင်းပေါက်ကွဲမှုကြောင့် ဂိတ်တာဝန်ကျ အသက်(၁၇)နှစ်ရှိ မောင်ကျော်ကျော်ထက်မှာဦးခေါင်းရှေ့ ဝဲဘက်နဖူးပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ ဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဗုံးစများ တွေ့ရှိရခြင်း မရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.