Connect with us

Environment, Disasters & Accidents

ရေဘေးကြောင့် တစ်လ အတွင်း သေဆုံးသူ ၈ ဦး အထိ ရှိလာခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ရေဘေးဒဏ်သင့်

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့တွင် ရေဘေး ဖြစ်ပွားမှု အခြေအနေများအား တွေ့ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုတွင် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ရေဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေမှာ ၈ ဦး အထိ ရှိလာခဲ့ပြီး လူဦးရေ ၄၃၂,၀၁၈ ဦး ရေဘေးဒဏ်သင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။

ရေဘေးကြောင့် သေဆုံးသူများတွင် ပဲခူးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပြီး ၃ ဦး သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ၊ ကချင်ပြည်နယ်တွင် ၂ ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၁ ဦး စုစုပေါင်း ၈ ဦးအထိ ရှိလာခဲ့သည်။ထို့အတူ ရေဘေးသင့် ပြည်သူ ၄၃၂,၀၁၈ ဦးရေ အနက် မကွေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပြီး လူဦးရေ ၂၀၄,၃၆၅ ဦး ရှိခဲ့ကာ မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယ အများဆုံး အဖြစ် ၁၀၇၂၀၀ ဦးရေ ရေဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုသို့အရေးပေါ် အစားအစာ ၊ ဆန်ရိက္ခာ ၊ အိမ်ဆောက် ပစ္စည်း ၊ ကယ်ဆယ်ရေး ပစ္စည်း ၊ သေဆုံး ၊ အခြား တို့အတွက် စုစုပေါင်း ငွေကျပ် ၅၂၃,၂၃၂,၄၅၅ ထောက်ပံ့ထားကြောင်း သိရသည်။(Xinhua)