Connect with us

Environment, Disasters & Accidents

တောင်ငူမြို့၏ အရှေ့မြောက်ဘက်တွင် ၄.၈ အဆင့်ရှိ ငလျင်ငယ်လှုပ်

ငလျင်လှုပ်ရှားမှုပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်၊ ဇွန်လ (၂) ရက် မြန်မာစံတော်ချိန် (၁၂) နာရီ (၃၂) မိနစ် (၅၀) စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ ‌မြောက်- အရှေ့မြောက်ဘက် မိုင် (၁၆၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း တောင်ငူမြို့၏ အရှေ့မြောက်ဘက် မိုင် (၃၀) ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကလည်း ပမာဏ ၄.၈ ရှိသည့် ငလျင်တခု ယနေ့ ၂၀၁၆ ဇွန်လ ၂ မြန်မာစံတော်ချိန် နေ့လည် ၁၂း၀၂း၄၁ အချိန်၌ ဖြူးမြို့ တောင်ဖက်နားတွင် လှုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းနေရာသည် ၁၉၃၀ ခုနှစ် ဒီဇင်ဘာလတွင် လှုပ်ခဲ့သည့် ဖြူးငလျင်နေရာ တဝိုက်ဟု ပြောနိုင်ကြောင်း မိုးဇလ၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.