Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး သွားရောက် လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးစု ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

မြစ်ကြီးနား ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများအား လေ့လာရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် မြစ်ကြီးနား မြို့သို့ဇွန် ၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးစု ခေါင်းဆောင်တစ်ချို့နှင့် ဦးစွာတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ကချင်ပြည်နယ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးထဲတွင် အရေးကြီးသည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်း ၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်သည် ရှည်လျားသည့် နယ်နိမိတ် ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးသည့် ပေါင်းကူး တံတား ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးစု ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ယခု ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကချင်ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို လာရောက် လေ့လာခြင်း ဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ကြောင်း ၊ ထို့အတူ မြစ်ဆုံစီမံကိန်းကို လာရောက် လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ရှမ်းရေးရာ အဖွဲ့မှ ပြည်တွင်းပြည်ပ ဆက်ဆံရေး တာဝန်ခံ ဦးစိုင်းထိန်လင်းတို့ တွေ့ဆုံ နှုတ်ဆက်စဉ်(ဆင်ဟွာ)

မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ အစိုးရများက သေသေချာချာ လေ့လာ စိစစ်ပြီး ခွင့်ပြုခဲ့သည့် စီမံကိန်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အစိုးရနှင့် ညှိနှိုင်းပြီး အဘက်ဘက် အားလုံး လက်ခံနိုင်သည့် ဖြေရှင်းမှု နည်းလမ်း ရှာနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ စီမံကိန်းစာချုပ်အား ပြည်သူလူထုအား အသိပေး ကြေညာခြင်းကိုထောက်ခံကြောင်း၊ ပြည်သူလူထုက အခြေအနေမှန် သိပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြောင်း ၊ စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ အစိုးရက တရုတ်နိုင်ငံ ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြော င်း ၊ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ပြည်သူလူထုအား အကူအညီ ပေးရန် ရည်ရွယ်ထားကြောင်း သံအမတ်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့သည့် ကချင်ပြည်နယ်ရှိ ရှမ်းရေးရာ အဖွဲ့မှ ပြည်တွင်းပြည်ပ ဆက်ဆံရေး တာဝန်ခံ ဦးစိုင်းထိန်လင်းက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ရှမ်းလူမျိုးစုများ၏ အခြေအနေကို ဆွေးနွေးခဲ့ကြောင်း
စီမံကိန်းအားကျွမ်းကျင် ပညာရှင်များက လေ့လာပြီး ပြည်သူလူထုအား ချပြဆုံးဖြတ်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများ နှင့် တွေ့ဆုံရန် ရှိပြီး မြစ်ဆုံဆည် ဧရိယာသို့လည်း သွားရောက် လေ့လာရန် ရှိကြောင်း သိရသည်။(Xinhua)