Connect with us

Environment, Disasters & Accidents

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်ထုတ်ပြန်

မိုးလေဝသခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလ များအတွင်း နေ့အပူချိန် များတစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့ တွင် မိုးတိမ်တောင်များ ဖြစ်ပါ်နိုင် ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာ တစ်လျှောက်တွင် လေ ပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင်သွားကြပါရန် ကြိုတင် သတိပေးနှိုးဆော်အပ်ပါသည်ဟူ၍ မိုးဇလမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.