Connect with us

Environment, Disasters & Accidents

ရန်ကုန်လေဆိပ်၌ လေယာဉ် တစ်စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွား

ရန်ကုန်လေဆိပ်၌ အရေးပေါ်ဆင်းသက်ရသည့်လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်လေဆိပ်၌ လေယာဉ် တစ်စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၁၄း၂၅ နာရီ အချိန် ရန်ကုန်လေဆိပ်သို့ အမေရိကန်နိုင်ငံသား လေယာဉ်မှူး Capt. Dykeandrew Lincoln Jacksonyပါလေယာဉ်အမှုထမ်း ၃ ဦး မောင်းနှင်ပြီး လစ်သီယံဘတ္ထရီ (Lithium Ion Batteries) 175.7 တန် တင်ဆောင်လာသည့် အမေရိကန်နိုင်ငံ အခြေစိုက်(UPS United Presal Service Co.,Ltd)ပိုင် MC Donnell Douglas MD-11F(Cargo) လေယာဉ် အမျိုးအစား၊ လေယာဉ်အမှတ် N293UP လေယာဉ်သည် တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ UAEနိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းစဉ် လေယာဉ်ပေါ်၌ တင်ဆောင် လာသော ကုန်ပစ္စည်းများပါရှိသည့် ကွန်တိန်နာပုံးမှ Fire Alarm မြည်လာသဖြင့် အရေးပေါ် ဆင်းသက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်များနှင့်အတူ အသင့်ပြင်ဆင်ထားရှိခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လေဆိပ် မီးသတ်တာဝန်ခံ ဦးအောင်မြင့်တို့မှ အဆိုပါလေယာဉ်ပေါ်သို့ တက်ရောက်၍ လေယာဉ်မှူးနှင့် တွေ့ဆုံမေးမြန်းရာ မီးလောင်မှုမရှိဘဲ လစ်သီယံ ဘတ္ထရီအနံ့သာရရှိကြောင်း သိရသည်။

ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ချုပ် ဦးမင်းလွင်နှင့် ဒုညွှန်ချုပ် ဦးရဲထွန်းအောင်တို့ရောက်ရှိလာပြီး လေယာဉ်မှူးမှ ပြန်တက်လိုက တက်ခွင့်ပေးရန်၊ ညအိပ်မည် ဆိုပါက လဝက လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပြီး ခွင့်ပြုပေးရန်၊ အရေးပေါ်လိုအပ်က အကူအညီပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးများမှ ၎င်းတို့ကုမ္ပဏီသို့ဆက်သွယ်ခဲ့ပြီး နှင့် လေယာဉ်မှူး ၃ ဦးသည် လေဆိပ်လဝကကောင်တာ၌ ပြည်ဝင်တံဆိပ်တုံးထု၍ ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်၌ တည်းခိုရန်ထွက်ခွာသွားခဲ့ပြီး အဆိုပါလေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားကာ လေယာဉ်စစ်ဆေးမည့် အင်ဂျင်နီယာအဖွဲ့ ရောက်ရှိစစ်ဆေး ပြီးပါက မူလခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ၎င်းတို့ကုမ္ပဏီမှ တာဝန်ရှိသူများသည် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေယာဉ်ပေါ်သို့ တက်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.