Connect with us

Environment, Disasters & Accidents

ပင်လောင်းမြို့နယ် ဆောင်းပြောင်း နှင့် နောင်ဝိုးကြား ရထားလမ်းခွဲတွင် ကား နှင့်ရထားတိုက်မိ၊ သေဆုံးသူမရှိ

ရထား နှင့် ကားတိုက်မိသည့် ဖြစ်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- Thura Aung “ကျော်သက်ထွေး’’)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

မေလ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်း နှင့် နောင်ဝိုးကြား ရထားလမ်းခွဲတွင် ကား နှင့်ရထားတိုက်မိရာ ကားပေါ်တွင် ပါလာသူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း ပင်လောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းတာဝန်ရှိသူက “ရထားလာနေတဲ့ အတွက် သံလမ်းပိတ်ထားတာကို အငှားယာဉ်တစ်စီးက ဖြတ်မောင်းတာပါ။ အဲ့ဒါကြောင့်တိုက်မိသွားတာ။ အငှားယာဉ်ပေါ်မှာ ပါလာတဲ့ လူတချို့ ဒဏ်ရာရခဲ့တယ်။ ရထားကတော့ လေပိုက်ပျက်သွားတာကလွဲလို့ ဘာမှ မဖြစ်ခဲ့ဘူး။ ရထားရော၊ ကားရောမှာ လူသေဆုံးမှုမရှိခဲ့ပါဘူး’’ ဟုပြောသည်။အငှားယာဉ်ပေါ်တွင် လူ(၆)ဦးပါလာကြောင်း၊ ဒဏ်ရာရရှိသူနှစ်ဦးအား ဆောင်းပြောင်းဆေးရုံတွင် ပို့ဆောင် ကုသမှုခံယူလျက်ရှိကြောင်း၊ လူနာများ မစိုးရိမ်ရကြောင်း ဆိုသည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူအား ပ-၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.