Connect with us

Environment, Disasters & Accidents

စစ်ကိုင်း နှင့် ပဲခူး တိုင်းဒေသကြီး တို့၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ပြိုကျ ပျက်စီးမှုများ နှင့် ထိခိုက် သေဆုံးမှုရှိ

လေဘေးကြောင့် နေအိမ် ပျက်စီးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ပဲခူး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၊ အဆောက်အအုံ ပြိုကျ ပျက်စီးမှုများ နှင့် ထိခိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မေ ၅ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒီပဲယင်း ၊ ဟုမ္မလင်း ၊ ရွှေဘို ၊ အင်းတော်၊ ဘုတလင်၊ ခန္တီး၊ ကနီ၊ ဝက်လက်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို နှင့် ပင်လည်ဘူး မြို့နယ်များ အတွင်း နေအိမ် ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်း မေ ၄ ရက် နှင့် ၅ ရက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အုတ်တွင်း ၊ ကျောက်ကြီး ၊ အုတ်ဖို နှင့် ဒိုက်ဦး မြို့နယ် များအတွင်း နေအိမ် ပြိုကျ ပျက်စီးမှုများ ရှိခဲ့ပြီး သစ်ပင် ပိ၍ ဒဏ်ရာ ရရှိသူ ၁ ဦး ရှိခဲ့ကြောင်း သိရသည်။ထိုလေဘေးသင့် ဒေသများသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး နှင့် ပဲခူး တိုင်းဒေသကြီး ဦးစီးမှူးရုံးတို့မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)