Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး၊ ‌ဖြူးမြို့ ၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ‌ဖြူးမြို့ ၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့် အကွာ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှုးဒေါက်တာယဉ်မျိုးမင်းထွေး က “အခုငလျင်က အနက်တိမ်ပေမယ့် ဗဟိုချက်က တောထဲမှာဆိုတော့ ငလျင်လှုပ်တာကို သိတဲ့ သူတောင် သိပ်မရှိပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၂)မိနစ်၊ (၃၇) စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.