Connect with us

Environment, Disasters & Accidents

၂၀၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅,၁၈၄ ဦး သေဆုံး ပြီး၂၆,၇၄၁ ဦး ဒဏ်ရာရရှိ

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ က ရန်ကုန် -နေပြည်တော် လမ်း၊ မိုင်တိုင် ၁၅၈/၆ အနီးတွင်ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၈ ခုနှစ်၌ ယာဉ်မတော်တဆမှုပေါင်း ၁၇,၄၅၁မှု ဖြစ်ပွားခဲ့ပြီး ၅၁၈၄ ဦး သေဆုံးခဲ့ကြောင်းနှင့် ၂၆,၇၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၂,၆၈၄ မှု ဖြစ်ပွားခဲ့ပြီး ၅၉၉ ဦး သေဆုံးခဲ့ကာ ၃,၁၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂,၂၄၃မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂,၀၃၃ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁,၆၁၀ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁,၅၃၉ မှု၊ ရှမ်းပြည်နယ်တွင် ၁,၁၈၄ မှု၊ မွန်ပြည်နယ် တွင် ၈၇၅ မှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၅၈၅မှု၊ ရခိုင်ပြည်နယ်တွင် ၄၂၉ မှု၊ ကချင်ပြည်နယ်တွင် ၄၂၇ မှု၊ ကရင်ပြည်နယ်တွင် ၃၇၄ မှု၊ နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် ၃၄၂ မှု ဖြစ်ပွားခဲ့ပြီး ၂၂၇ ဦး သေဆုံးကာ ၃၈၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ချင်းပြည်နယ်တွင် ၁၀၆ မှုနှင့် ကယားပြည်နယ်တွင် ၈၈ မှုအသီးသီး ဖြစ်ပွားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်ခုတည်းပေါ်တွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုပေါင်း၄၇၄ မှု ရှိပြီး သေဆုံးသူ ၁၀၄ ဦး နှင့် ဒဏ်ရာရသူ ၈၇၇ ဦး ရှိခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် အဓိက အားဖြင့် ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်ခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း၊ ချွတ်ယွင်း နေသောယာဉ်များ မောင်းနှင်ခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ယာဉ်တိုက်မှု ၄၈ မှု ရှိပြီး ၁၄ ဦး သေဆုံးလျက်ရှိကာ ဒဏ်ရာရရှိသူမှာလည်း ၇၃ ဦးအထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လွန်ခဲ့သောနှစ်က ယာဉ်မတော်တဆမှုပေါင်း ၁၈,၁၇၁ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ယာဉ်မတော်တစ်ဆမှုများကြောင့် ၅,၂၅၀ သေဆုံး ခဲ့ပြီး ၂၉,၁၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အလင်းသတင်းတွင်ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.