Connect with us

Environment, Disasters & Accidents

ပြည်သူပိုင် သစ်တော ဧက ကိုးသောင်းကျော် စိုက်ပျိုးမည် ဟုဆို

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တောင်ပေါ်နေ တိုင်းရင်းသား ပြည်သူများ၏ လူနေမှု ဘဝကို မြှင့်တင်စေနိုင်မည့် သီးနှံ သစ်တော ရောနှောစိုက်ပျိုးခြင်းကို ဧက ၁၆,၇၀၀ ကျော်၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောကို ဧက ၇၇,၃၀၀ ကျော်၊ စုစုပေါင်း ၉၄,၀၀၀ ကျော ်စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ပြည်သူ့ လွှတ်တော် ယနေ့အစည်းအဝေး တွင် ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်တွင် ၂၀၁၉ သြဂုတ်လကုန်အထိ ၄၀၆ဧက အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ၂၀၁၉ သြဂုတ်လကုန်အထိ အိမ်ထောင်စု ၃,၃၉၉ စု ပါဝင်တဲ့ အသုံးပြုသူများအဖွဲ့၆၃ ဖွဲ့သို့ သစ်တောဧရိယာ ၂၇,၇၃၂ ဧကကို ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော အဖြစ် အနှစ် သုံးဆယ်  စီမံအုပ်ချုပ် လုပ်ပိုင်ခွင့် ပေးထားပြီး ဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်၏ အမေးကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် နိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ ရာသီဥတု ပြောင်းလဲမှု လျော့ကျရေးဆိုင်ရာ နိုင်ငံတကာ ကတိ ကဝတ် များအား ဖြည့်ဆည်းနိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်ောများ ပြန်လည် ထူထောင်ရေး စီမံကိန်း (Myanmar Reforestation and rehabilitation Programme) ကို ၂၀၁၇ – ၁၈ မှ ၂၀၂၆ – ၂၇ ဘဏ္ဍာနှစ်၊ ၁၀ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် ဘက်စုံ ရေေ၀ ရေလဲများ စီမံအုပ်ချုပ်ခြင်းသရုပ်ပြ စီမံကိန်းကို ၂၀၁၉ မှ ၂၀၂၄ အထိ ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ အရှေ့ပိုင်းဒေသများ စိုက်ပျိုး စီးပွား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (ESAP: _ Eastern States Agribusiness Project) အရ စီမံကိန်းကာ ၂၀၁၈ – ၁၉ မှ ၂၀၂၃ -၂၄ အတွင်း ခေတ်မီ တောင်စောင်း စိုက်ပျိုးနည်းစနစ် (Slopping Agricultural Land technology) ကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင် မြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.