Connect with us

Environment, Disasters & Accidents

လားရှိုး မြို့နယ်၌ ခရီးသည်တင်ယာဉ် နှင့် ၂၂ ဘီးယာဉ် တိုက်မိမှု ဖြစ်ပွားရာ ၁၃ ဦး ဒဏ်ရာရ

လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်(၁၅၈/၁-၂)ကြား၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်(၁၅၈/၁-၂)ကြား၌ ခရီးသည်တင် မှန်လုံယာဉ် နှင့် ၂၂ ဘီး ယာဉ် တို့သည် ဇူလိုင် ၁ ရက် နေ့လည်ပိုင်း အချိန်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

လားရှိုး မြို့နယ် နောင်လန်းကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်(၁၅၈/၁-၂)ကြား၌ ခရီးသည်တင် မှန်လုံယာဉ်သည် ရှေ့မှယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ၂၂ ဘီးယာဉ် အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ခရီးသည်တင် မှန်လုံယာဉ် မောင်းနှင်သူ နှင့် ၂၂ ဘီးယာဉ်တွင် လိုက်ပါလာသူ နှစ်ဦးမှာ ဒဏ်ရာ(စိုးရိမ်ရ) ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ၁၁ ဦးမှာ ဖူးရောင် ပွန်းပဲ့ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ဖြင့် ခရီးသည်တင် မှန်လုံယာဉ် မောင်းနှင်သူအား နောင်မွန် နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.