Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်တမံများအတွင်း ရေများတိုးမြင့်လာသည့် အတွက် ရေကင်းများတာဝန်ချ၍စောင့်ကြည့်လျက်ရှိ

ဆည်တမံများအတွင်း ရေများတိုးမြင့် ဝင်ရောက်လာမှုများရှိ (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီးအတွင်း မုန်တိုင်းမိုးနှင့် မုတ်သုံမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေများရေကြီးရေလျှံမှုနှင့် ဆည်တမံများအတွင်း ရေများတိုးမြင့် ဝင်ရောက်လာမှုများ ရှိခဲ့ရာ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရင်းရှည်တမံနှင့် မန်းတမံဆည်ကြီးများ၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရေး ရေကင်းများ အချိန်ပြည့်တာဝန်ချထားပြီး တာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုအခါ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငဖဲမန်းချောင်းအတွင်း ဝင်ရောက်စီးဆင်းသည့် ပဇီချောင်း၊ ဆတ်သေချောင်းနှင့် ပန်းတိမ်းချောင်းရေများ တိုးမြင့်စီးဆင်းနေသည့်အတွက် မန်းရွှေစက်တော်၊ အိုးပြစ်မဲ၊ အိုင်းမရေလွဲှဆည်နှင့် ဥယျာဉ်ဇင်၊ စကုတို့တွင် ချောင်းရေများဆက်လက် တိုးမြင့်စီးဆင်းလျက်ရှိသည်။

မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က အဆိုပါ ဆည်တမံကြီးများသို့ သွားရောက်၍ ဆည်တမံများကြံ့ခိုင်မှု၊ ရေပိုလွှဲရေကျော်မှုအခြေအနေ၊ တမံနှင့်ဆက်စပ် အဆောက်အအုံများ ကြံ့ခိုင်မှုရှိ မရှိ၊ ၂၄ နာရီရေကင်း ချထားမှု မိုးစပါး စိုက်ပျိုးရေပေးဝေနေမှုနှင့် ရေပိုလွှဲရေလျှံလမ်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူတို့အား မှာကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.