Connect with us

Environment, Disasters & Accidents

လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက် မှ လေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစ ၆ ခု ဆယ်ယူရရှိ

လေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ဖမ်းယူရရှိသည့် ပုံရိပ်များ အပေါ်မူတည်၍ ငါးဖမ်းပိုက် များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ များက Y-8 ပျက်ကျလေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစ ၆ ခု ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ကျန်ရှိနေသည့် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များနှင့် ဒေသခံငါးဖမ်း စက်လှေများ ပူးပေါင်း၍ လေယာဉ်အမြီးပိုင်းတွေ့ရှိသည့် နေရာအနီးတစ်ဝိုက်၌ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.