Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ် ဒဏ်ရာရ

သပိတ်ကျင်းမြို့အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ လူ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၂ ရက် ၀၆း၀၀ နာရီ  အချိန် သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာ၊ ဒေသဖွံဖြိုးရေးကုမ္ပဏီ၊ လုပ်ကွက်အမှတ် (TPK-202)ရှိ အကျယ် ၄ ပေ၊ အနက် ၂၀၀ ပေခန့် အင်းအတွင်း၌ အင်းလုပ်သားများဖြစ်သော ရွှေစိုးအောင်(၂၆)နှစ်နှင့် လှမျိုးအောင်(၂၄)နှစ်အပါအဝင် အမျိုးသား ၄ ဦးမှ ရွှေဖြုန်း ဆင်းတူးစဉ် အင်းမြေပြိုကျပိမိခဲ့ကြောင်း သိရသည်။ရွှေစိုးအောင် နှင့် အမျိုးသား တစ်ဦးသည် ဦးခေါင်းပေါက်ပြဲ/ ခြေကျိုးဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း၊  လှမျိုးအောင်နှင့် နောက်အမျိုးသားတစ်ဦးတွင်  ဦးခေါင်းနောက်စေ့ပေါက်ပြဲ/ ဝဲမျက်လုံး/လက်/ခြေဖူး ရောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.