Connect with us

Environment, Disasters & Accidents

မိုးကုတ်မြို့နယ်၌ မြေငလျင်လှုပ်ရှားမှုဖြစ်ပွားပြီးနောက် ကျောက်တွင်းဟောင်း အတွင်း တွင်းဆင်းလမ်းပြိုကျ၍ အမျိုးသား ၂ဦး ပိတ်မိနေ

ပိတ်မိနေသည့် အမျိုးသား ၂ဦးအားရှာဖွေကယ်ဆယ်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ မတ် ၇ ရက် ၁၀း၃၅နာရီ တွင်  မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောက်တွင်းဟောင်းအတွင်း တွင်းဆင်းလမ်းပြိုကျ၍ ကျောက်ရှာဖွေသူ ၅ ဦး ပိတ်မိနေပြီး ၃ဦးမှာ အသက်ရှင်လျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ကျန်အမျိုးသား ၂ ဦး အားဆက်လက်ရှာဖွေလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၈ရက် တွင် သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြေငလျင်စခန်း၏တိုင်းတာချက် အရ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၇ ရက် ၁၀း၃၅ နာရီတွင်  သပိတ်ကျင်းမြို့၏အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၁၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၇ ဒီဂရီ၊ မြေအောက်အနက် ၆ ကီလိုမီတာအား ဗဟိုပြု၍ အင်အား ရစ်ချ်စတာစကေး ၄.၈ အဆင့်ရှိ မြေငလျင် ၁ ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။ 

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် မိုးကုတ်မြို့နယ်၊ မြေမဲကျေးရွာအနီးရှိ အမှတ်(၃) ကျောက်တွင်းဟောင်းအတွင်း(ပေ ၃၅၀ ခန့်)၌ တွင်းဆင်းလမ်းပြိုကျ၍ ကျောက်ရှာဖွေသူ ၅ ဦး ပိတ်မိနေကြောင်း သတင်းအရ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်းအဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၁း၃၀ နာရီ အချိန်တွင် ဦးဝင်းရွှေ(၅၅)နှစ်ပါ ၃ ဦးအား အသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့ပြီး ဦးလှဝင်း(၅၅)နှစ်ပါ ၂ ဦး အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)