Connect with us

Environment, Disasters & Accidents

မိုးညှင်းမြို့အနီး အင်အား အနည်းငယ်ရှိ မြေငလျင် လှုပ်ရှားခဲ့

မြေငလျင်လှုပ်ခတ် သွားသည့်နေရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်တွင်း မိုးညှင်းမြို့အနီး၌ အင်အား ရစ်ခ်တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် ယနေ့မတ်လ ၉ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၂၀၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မိုးညှင်းမြို့၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ မြန်မာ စံတော်ချိန် (၁၅း၃၂း၀၀) နာရီအချိန်တွင် မြေငလျင် လှုပ်ရှားသွားခဲ့ပြီး မိုးညှင်းနှင့် မိုးကောင်းမြို့များမှ သတိပြုမိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.