Connect with us

Environment, Disasters & Accidents

မိုးနှောင်းကာလ အတွင်း ဒုတိယအကြိမ် ရေကြီးနိုင်ကြောင်း မိုး/ဇလ ခန့်မှန်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့စဉ်။ (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

အယ်နီညိုဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ မိုးလေဝသ အခြေအနေများ အပေါ် သက်ရောက်မှု ရှိသည့်အတွက် မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မြစ်ရေ ချောင်းရေများ ရုတ်တရတ် မြင့်တက်လာနိုင်ပြီး ဒုတိယ အကြိမ် ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ကြိုတင် ခန့်မှန်းထားကြောင်း သိရသည်။

ထို့ကြောင့် ယခုလအတွင်း မြန်မာနိုင်ငံ၏ မိုးရွာသွန်းမှု အခြေအနေကို ယခင် အယ်နီညိုဖြစ်ခဲ့သော ၁၉၉၁ ခုနှစ် ၊ ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ်တို့၏ အလားတူကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မိုးရွာသွန်းမှု အခြေအနေများနှင့် နှိုင်းယှဉ်တွက်ချက်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် စက်တင်ဘာလ၏ ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုမို၍လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲခန့်နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့၍ လည်းကောင်း မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးနှောင်းပိုင်းတွင် ရေကြီးမှု ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုး/ဇလ ၏ခန့်မှန်းချက်ကြောင့် ဆည်မြောင်း ဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံနှင့် ရေဘေး ကာကွယ်ရေးတာများတွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဇူလိုင်နှင့် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော ပုံမှန်မဟုတ်သည့် ရေကြီးမှုဖြစ်စဉ်များ၏ အတွေ့အကြုံများအပေါ် အခြေခံကာ အချိန်ကိုက် အလေးထား စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.