Connect with us

Environment, Disasters & Accidents

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဝန်ကြီးချုပ် မန်းဂျော်နီ အာရုံကြော အနည်းငယ် ယောင်သွား၍ ရက်သတ္တပတ်ခန့် ဆေးကုသမှု ခံယူရမည်

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီ နှင့် မတော်မဆမှု ဖြစ်ပွားခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- ဝန်ကြီးချုပ် မန်းဂျော်နီ facebook)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီသည် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း အာရုံကြော အနည်းငယ် ယောင်သွားသည့် အတွက် ရက်သတ္တပတ် ၊ ၁၀ ရက်ခန့် ဆေးကုသမှုခံယူပြီးမှ ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်း ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုကြောင့် ဝန်ကြီးချုပ် မန်းဂျော်နီသည် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင် လာစဉ်ခေါင်းမူးဝေကာ အော့အန်ခဲ့ပြီး အရေးပေါ်ကုသဆောင်သို့ ရောက်ရှိခဲ့ရာ လိုအပ်သော ဆေးစစ်ချက် အဖြေများ ၊ ဓါတ်မှန် အဖြေများအရ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း ၊ ထိခိုက်ကျိုးကြေ ၊ အတွင်း/အပြင် ဒဏ်ရာ တစ်စုံတစ်ရာ မရှိကြောင်း ၎င်း၏ အခြေအနေအား ထုတ်ပြန်ရေးသားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီသည် ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန်ထွက်ခွာလာခဲ့ပြီး ညောင်တုန်းမြို့နယ် ဆားမလောက် အနီး

မောလေးကျေးရွာနားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယာဉ်၏ ညာဘက် နောက်ခန်းတွင် စီးနင်းလာသော ဝန်ကြီးချုပ် သည် ကားရှေ့ခန်း ထိုင်ခုံနှင့်ဆောင့်မိကာ ၁၀ မိနစ်ခန့် သတိလစ်သွားခဲ့ကြောင်း သိရသည်။ (Xinhua)