Connect with us

Environment, Disasters & Accidents

ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင် အမှတ် ၇၇/၁၄ နှင့် ၇၇/၂၀ အကြား ရထားသံလမ်း ရေကျော်

ရထားလမ်း ရေကျော်နေသဖြင့် စောင့်ဆိုင်းနေသည့် အမှတ် (၃၆) အစုန် ရထားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် ၇၇/၁၄ နှင့် ၇၇/၂၀ အကြား ရထားသံလမ်းပေါ်သို့ ရေကျော်မှု ဖြစ်ပေါ်ခဲ့သဖြင့် အမှတ် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးသည်တင် ရထားသည် ရေကျချိန်အား စောင့်ဆိုင်းလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာတွင် ဇူလိုင် ၂၁ ရက်၊ နံနက် ၂ နာရီ ကျော်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်း မိုင်တိုင်အမှတ် ၇၇/၁၄နှင့် ၇၇/၂၀ အကြား ရထားသံလမ်းပေါ်သို့ ရေအမြင့် ၂ ပေခွဲခန့် ရေကျော်မှု ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်ဘူတာမှ ထွက်ခွာလာသော အမှတ် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးသည်တင် ရထား စက်ခေါင်းအမှတ် DF-1327 ရထားသည် ရေကျော်မှု ဖြစ်ပွားရာ အနီးတွင် ရေကျချိန်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မရမ်းချောင်းစစ်ဆေးရေးစခန်းရှေ့ မိုင်တိုင်အမှတ် ၉၆/၂ နှင့် ၉၆/၅ အကြား ရေ(၁)ပေခန့် မြင့်တက်ပြီး ကားလမ်းအား ရေကျော်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.