Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ယာဉ်တစ်စီး ပေ ၂၀၀ခန့် အနက်ရှိသော ချောက်အတွင်းပြုတ်ကျ၍ လူ ၁၀ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရရှိ

မိုင်းဆတ်မြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

 

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ယနေ့ မေ ၂၆ ရက် နံနက် ၈နာရီကျော်ခန့်တွင် လူ ၁၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ပေ ၂၀၀ခန့် အနက်ရှိသော ချောက်အတွင်းပြုတ်ကျခဲ့ရာ ယာဉ်ပေါ်ပါ လူ ၁၀ ဦးသေဆုံးပြီး အခြား ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဆက်မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

” ဆောက်လုပ်ရေးက ဈေးထွက်ဝယ်တဲ့ကားပါ ၊ တောင်အဆင်းမှာ ဂီယာပြုတ်ပြီး ကျသွားတယ်၊ တပ်မတော်သားတွေ ကယ်ဆယ်ရေးလုပ်ပေးခဲ့တယ်၊ အဲဒီနေရာမှာတင် ၉ ဦးပွဲချင်းပြီး ဆုံးသွားတယ် ၊ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့ရင်း လမ်းမှာပဲ နောက် တစ်ဦးထပ်သေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ချောက်အတွင်း ပြုတ်ကျသွားသော ယာဉ်သည် ဆောက်လုပ်ရေးလုပ်ငန်းမှ ယာဉ်တစ်စီးဖြစ်ပြီး တမိုင်းဆတ်- မိုင်းတွမ်းကားလမ်း လွယ်ဆမ်ဆုံတောင်အဆင်း၌ ကားဂီယာပြုတ်ပြီး လမ်း၏ညာဘက်ခြမ်း ချောက်အတွင်း ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ 

၎င်းယာဉ်ပေါ်လိုက်ပါသွားသူများအနက် ကျား ၃ ဦး၊မ ၇ ဦးသေဆုံးခဲ့ပြီး အခြား ကျား ၆ ဦး၊မ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများကို မိုင်းဆတ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ယင်းယာဉ်တိုက်မှုနှင့် ပတ်သတ်၍ ယာဉ်မောင်းအားမိုင်းဆတ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.