Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့သော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၊ သာပေါင်း-မကျီးဇင်တောင်ပေါ်ကားလမ်း မိုင်တိုင် ၂၉/၀ နှင့် ၁ အကြား ကျားခေါင်းကျေးရွာအနီးတွင် မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲက ခရီးသည် တင်ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် ယာဉ်တစ်စီးကုန်းအတက်၌ နောက်ပြန်လျှောကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လိုက်ပါ လာသောခရီးသည်များအနက် ၁၂ဦးဒဏ်ရာရပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးငယ်တစ်ဦးတို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရကြောင်းသိရသည်။

ယင်း ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအား သာပေါင်းမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။(Xinhua)