Connect with us

Environment, Disasters & Accidents

မြန်မာ့အာမခံ လုပ်ငန်းမှ ကိုးလအတွင်း ယာဉ်အစီးရေ ၄၂၉ စီးအတွက် ကျပ် ၅၁ဝသန်းကျော် လျော်ကြေးပေး

ရန်ကုန်မြို့တွင်းရှိ ကားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

မြန်မာ့အာမခံ လုပ်ငန်းမှ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၏ ကိုးလအတွင်း အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်အစီးရေ စုစုပေါင်း ၄၂၉ စီးအတွက် လျော်ကြေးငွေ ကျပ် ၅၁ဝ ဒသမ ၆၇ သန်း ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

မြန်မာ့အာမခံ လုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိသည့် ယာဉ်အစီးရေ ၅ဝဝဝ ကျော်ရှိပြီး အလုံးစုံ အာမခံအတွက် ပြီးခဲ့သည့် သုံးနှစ်အတွင်း လျော်ကြေးငွေ ပေးခဲ့သော စံချိန်ကို ကျော်လွန်၍ ယခုနှစ်တွင် ယာဉ်အစီးရေ အများဆုံးနှင့် လျော်ကြေးငွေ အများဆုံး ပေးအပ်ခဲ့ရသည့် နှစ်ဖြစ်သည်။

မော်တော်ယာဉ် အာမခံနည်းတူ မော်တော်ယာဉ်ဖြင့် တိုက်မိ၍ လျော်ကြေးငွေ ပေးအပ်ရသည့် သူတစ်ပါး ထိခိုက်မှု အာမခံတွင်လည်း အာမခံထားရှိသော ယာဉ် ၁,၉၇၅,၅၂၅ စီးအတွက် လျော်ကြေးငွေ ကျပ် ၃၅၆ ဒသမ ၉၁ သန်း ပေးခဲ့ရသဖြင့် မော်တော်ယာဉ် အလုံးစုံအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံမှ လျော်ကြေးငွေ စုစုပေါင်း ကျပ် သန်း ၈ဝဝ ကျော်ရှိခဲ့ကာ ပြီးခဲ့သည့် နှစ်များကထက် စံချိန်တင် လျော်ကြေးငွေ ပေးအပ်ရသည်။

၂ဝ၁၆ ခုနှစ်တွင် ယာဉ်ထိန်းဌာနမှ ထုတ်ပြန်သော ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် အာမခံလျော်ကြေး ငွေမှာ ယခုနှစ်ထက် ပေးရမည့်နှုန်း များပြားလာနိုင်ပြီး အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှုလည်း အရေ အတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.